မိုင်းပျဉ်းမြို့ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ စုပေါင်းဘုံကထိန်လှူဒါန်းခြင်း ဆောင်ရွက်

မိုင်းပျဉ်း နိုဝင်ဘာ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၏ စုပေါင်းဘုံကထိန်လှူဒါန်းခြင်းကို ယနေ့နံနက် (၉)နာရီက ကမ္မဌာန်းဘုန်းကြီးကျောင်း၌  ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၏ ကျောင်းမိသားစု စုပေါင်းဘုံကထိန်အား မူကြိုကျောင်းအုပ်ဆရာမကြီးမှ ဦးဆောင်၍ ဆရာမများနှင့် မူကြိုကလေးငယ်များက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်ကထိန်ပဒေသာပင်အား မိမိတို့ စာသင်ကျောင်းမှစတင်၍ မိုင်းပျဉ်းမြို့−ပြည်ထောင်စုလမ်းကြီးအတိုင်း ကမ္မဌာန်းဘုန်းတော်ကြီးကျောင်းသို့ လှည့်လည်ခဲ့ပြီးနောက် ကမ္မဌာန်းဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်အား သြဝါဒကန်တော့ကျိုးဖြင့် ညီညာစွာကန်တော့ကြရာ ဆရာတော်မှ ငါးပါးသီလပြန်လည်ချီးမြှင့်ပေးတော်မူကာ လှူဖွယ်ပစ္စည်းများနှင့် ကထိန်ပဒေသာပင်အား ရေစက်ချ စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သတင်းရှိသည်။

နန်းသန္တာဦး(ပြန်ဆက်)