ဟိုပုံး နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် နောင်လေကျေးရွာအနီး မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး (AH-2) ဘုရားကိုးဆူကျောင်းတိုက်အနီးတွင် (Hopong View Point) အသစ်ဖွင့်လှစ်ထားကြောင်းသိရသည်။
အဆိုပါ (Hopong View Point) တွင် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ ခတ္တနားနေနိုင်ခြင်း၊ အပန်းဖြေလည်ပတ်နိုင်ခြင်း၊ အလှပဓာတ်ပုံများရိုက်ကူးခြင်းဖြင့် စိတ်အပန်း ဖြေလည်ပတ်နိုင်ရန် ဆောင်ရွက်ထားရှိခြင်းဖြစ်သည်။ တောင်ကြီးမြို့မှ အရှေ့ဘက်သို့ (၁၀)မိနစ် ခန့်ထွက်ခွာလာလျှင် ကားလမ်းတစ်လျှောက် လှပနေသော အဝါရောင် တောင်နေကြာပန်းများ ၏ အလှအပကိုခံစားရင်း (Hopong View Point) တွင် ခေတ္တနားနေရင်းဖြင့် ပအိုဝ်းဒေသ၏ တောင်ကုန်း တောင်တန်းအလှအပများ၊ မျက်စိတစ်ဆုံးလှပနေသည့် အစိမ်းရောင်တောင်ယာ စိုက်ခင်းများ၊ ဟိုပုံးမြို့၏ မြို့ပြ အလှအပများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။
(Hopong View Point) သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ကျပ် (၉၅.၈) သန်းဖြင့် Gigabuilt ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် တောင်ကြီးတန်ဆောင်တိုင်ပွဲလာရောက်လည်ပတ်သူများ၊ ခရီးသွားပြည်သူများနှင့် ဒေသခံပြည် သူများအနေဖြင့် အပန်းဖြေလာရောက်လည်ပတ်ရင်း အလှဓာတ်ပုံရိုက်ကူးနိုင်မည့်နေရာတစ်ခု ဖြစ်ကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)