လဲချား နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့်အာကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်နှင့်ခေါင်းဆောင်မှု အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အ-ထ-က (လဲချား)ကျောင်းတွင် ကျင်းပခဲ့ပါသည်။
အဆိုပါ လူငယ်နှင့်ခေါင်းဆောင်မှု အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးစန္ဒာလွင်မှ “ခေါင်းဆောင်ဆိုတာဘာလဲ၊ ကိုယ်ကျင့်တရားကောင်းအောင် ဘယ်လိုကြိုးစားမလဲ” စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အားကစားမှူး ဦးထိန်လင်းမှ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ လူငယ်နှင့်ခေါင်းဆောင်မှုအားလည်းကောင်း၊ ကျောင်းပညာရေးတွင်သာမက ဘက်စုံထူးချွန်သော ကျောင်းသား/သူများဖြစ်ထွန်းလာစေရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတ စာအုပ်၊ စာစောင်များကို ဖတ်ရှု့လေ့လာသင့်ကြောင်းကိုလည်းကောင်း ဟောပြောခဲ့ကြောင်းသိရသည်။
လဲချား (မြို့နယ်ပြန်/ဆက်)