မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ ကျင်းပ

ချမ်းမြသာစည်  နို၀င်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၁၀၇ ငုရွှေဝါလမ်းရှိ မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့ နံနက် ၀၉:၀၀ နာရီက အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာ၀င်းအေးနှင့် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာခိုင်ညွန့်မြိုင်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာ မြတ်သူဇာထွန်းက  Academic Process များ သင်ကြားမှု၊ သင်ယူမှုဆိုင်ရာ ကဏ္ဍများကိုလည်းကောင်း၊ သဘာ၀ သိပ္ပံဌာနမှူး ဒေါက်တာ ကေသွယ်ကြွယ်အေးက ကျောင်းစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာရန် အချက်အလက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သက်ဆိုင်ရာဘာသာရပ် ဌာနများမှ ဌာနမှူးများက အသီးသီးမိတ်ဆက်ခဲ့ကြကြောင်း သိရသည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာ၀င်းအေး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ခိုင်ညွှန့်မြိုင်နှင့် ဒုတိယပါမောက္ခချုပ် ‌ဒေါက်တာ မြတ်သူဇာထွန်း၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊‌‌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင် (၁၂၂)ဦးနှင့် လက်ရှိ ပညာသင်နှစ် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။

ချမ်းမြေ့