မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက်  ကျောင်းသား/ကျောင်းသူများအား စတင်ဖွင့်လှစ် သင်ကြားပေး

မိတ္ထိလာ နိုဝင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ စီးပွားရေးတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄  ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများအား နိုဝင်ဘာလ ၂၃ ရက်နေ့မှ စတင်၍ ပညာသင်နှစ်အလိုက်  ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက်  ကျောင်းသား/ကျောင်းသူများအား ဖွင့်လှစ်သင်ကြားနိုင်ရေး နိုင်ဝင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ ကျောင်းဝင်မှတ်ပုံတင်ခြင်း လက်ခံဆောင်ရွက်ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့မှ စတင်၍ ကျောင်းသားကျောင်းသူများအား ပညာသင်နှစ်အလိုက်  ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ထိုသို့ ဖွင့်လှစ်သင်ကြားရာတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဒုတိယနှစ် (ဒုတိယပညာသင်ကာလ)၊ တတိယနှစ်၊ စတုတ္ထနှစ်များ၏ (ပထမပညာသင်ကာလ)၊ မဟာအရည်အချင်းစစ်သင်တန်း၊ မဟာဘွဲ့သင်တန်း ပထမနှစ်၊ ဒုတိယနှစ်များ၏ (ပထမပညာသင်ကာလ)၊ ပါရဂူတန်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်  ဒုတိယနှစ် (ပထမပညာသင်ကာလ)နှင့်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် (ပထမပညာသင်ကာလ)များတွင် တက်ရောက်လျက်ရှိသော  ကျောင်းသားကျောင်းသူများအား ပညာသင်နှစ်အလိုက်  ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။      

အဆိုပါ ပညာသင်နှစ်အလိုက် ကျောင်းသား/ကျောင်းသူများ ပညာသင်ယူနေမှု အခြေအနေများကို ခေတ္တပါမောက္ခချုပ် ဒေါက်တာဖြူဖြူအိနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)