မိုင်းယောင်း နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ နိုဝင်ဘာ ၂၃ ရက်တွင် ဖြစ်ပေါ်နေသော စပါး၊ ဆန်ဈေးနှုန်းအနေဖြင့် တော်ဝင်မိုင်းယောင်းဆန်စက်မှ မှော်ဘီ-၃ စပါး တစ်တင်းကို ကျပ် ၁၈၀၀၀ ဖြင့် ဒေသပေါက်စျေးအတိုင်း ဝယ်ယူလျက်ရှိပြီး ၁၀ ကီလို မှော်ဘီ-၃ ဆန်တစ်အိတ်ကို ၁၈၀၀၀ ကျပ်၊ ၂၀ ကီလို မှော်ဘီ-၃ ဆန်တစ်အိတ်ကို ၃၆၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။
အခြေခံစားသောက်ကုန်ဈေးနှုန်းများအနေဖြင့် ငရုတ်သီးခြောက် တစ်ပိဿာ ၁၅၃၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၄၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၈၅၀၀ ကျပ်၊ မန်ကျည်းမှည့် တစ်ပိဿာ ၃၀၀၀ ကျပ်၊ ရေကျိုငါးပိ တစ်ပိဿာ ၃၂၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
တော်ဝင်မိုင်းယောင်းဆန်စက်မှ ဝယ်ယူဖြန့်ဖြူးသည့် စပါး၊ ဆန်ဈေးနှုန်းများကို သိရှိလိုပါက ၀၉-၄၂၈၂၂၃၄၆၈ နှင့် ၀၉-၆၉၂၁၃၀၂၄၈ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)