တန့်ယန်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာသူများအား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

တန့်ယန်း နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာသူများအား စေတနာရှင်အလှူရှင်များ၊ လူမှုကူညီရေးအဖွဲ့များမှ စားသောက်ဖွယ်ရာနှင့် လူသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းရာတွင် နိုဝင်ဘာလ ၂၃ ရက်နေ့က စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါ ယာယီနေရပ်စွန့်ခွာသူများအား စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းကြရာတွင် မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များတို့မှ “ဝ” စာပေနှင့်ယဉ်ကျေးမှုခန်းမယာယီစခန်းတွင် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။                                     

မင်းလွင်ဦး(ပြန်/ဆက်)