ရှမ်းပြည်နယ်၊ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် တတိယနေ့အဖြစ် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပ

တောင်ကြီး နိုဝင်ဘာ ၂

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလ နိုဝင်ဘာလ(၂၁)ရက်နေ့မှ နိုဝင်ဘာလ(၂၇)ရက်နေ့အထိ အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပလျက်ရှိသည်။

ပွဲတော်ကာလအတွင်း နေ့/ည မီးပုံးပျံပြိုင်ပွဲများ (နေ့လွှတ်အရုပ်မျိုးစုံ/ညမီးကြီး/စိန်နားပန်)၊ မသိုးသင်္ကန်းရက်ပြိုင်ပွဲ၊ အလွတ်တန်းဓာတ်ပုံပြိုင်ပွဲနှင့် ဈေးပွဲတော်များ၊ အရောင်းမြှင့်တင်ရေးပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပွဲတော်တတိယနေ့အဖြစ် နေ့လွှတ်အရုပ်(ခြေနှစ်ချောင်း) (၅) လုံး၊ နေ့လွှတ်အရုပ် (ခြေလေးချောင်း) (၄) လုံး၊ နေ့လွှတ်အရုပ် (အုပ်စု) (၁) လုံး၊ စုစုပေါင်း (၁၀) လုံးလွှတ်တင်ခဲ့ပြီး စိန်နားပန်မီးပုံးပျံ (၃) လုံး၊ ညမီးကြီးမီးပုံးပျံ (၆) လုံးကို ညနေ (၆) နာရီခွဲမှစ၍ လွှတ်တင်သွားမည်ဖြစ်ကြောင်းနှင့် ပွဲတော်လာမီးပုံးပျံဝါသနာရှင်များ၊ ရပ်ဝေးရပ်နီးမှ မိတ်ဆွေသင်္ဂဟများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)