တံတား နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ အ.ထ.ကကျောင်း သီရိရတနာခန်းမ၌ တိုင်းရင်းဆေးကုဌာနမှ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါကျန်းမာရေးစောင့်ရှောက်ပေးမှုကို တံတားမြို့တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူး ဦးအောင်ဟိန်းသူက တိုင်းရင်းဆေးပညာအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောပြီးနောက် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ဆေးဝါးကုသခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့သည်၊ ထို့နောက် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (တံတားပြန်ဆက်)