ကျိုက်မရောမြို့နယ် အမှတ်(၁၅)ရဲတပ်ရင်း၌ မီးငြှိမ်းသတ်နည်းလက်တွေ့သရုပ်ပြသ

ကျိုက်မရော နိုဝင်ဘာ ၂၂

ကျိုက်မရောမြို့နယ်တွင် ပွင့်လင်းရာသီရောက် ရှိလာပြီးဖြစ်သဖြင့် ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် ဌာနဆိုင်ရာရုံးများ မီးဘေးအန္တရာယ်ကျရောက်မှု လျော့နည်းစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးဖြိုးဝေအောင်နှင့် တပ်ဖွဲ့ဝင် ၄ ဦးတိုက မီးဘေးလုံခြုံရေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်းလက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက ရေတွင်းကုန်းကျေးရွာရှိ အမှတ်(၁၅)လုံခြုံရေးရဲတပ်ဖွဲ့ရုံး၌ ဆောင်ရွက်ခဲ့သည်။

ဦးစွာ ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးဖြိုးဝေအောင်က မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ဆောင်ရန်ရှောင်ရန်အချက်များနှင့် ပတ်သက်၍ ပညာပေးဟောပြောပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲသည်။

ယင်းနောက် ရဲတပ်ရင်းရှိ နေအိမ်လိုင်းခန်းများ ရုံးအဆောက်အဦးများအား မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြကာ တပ်ဖွဲ့ဝင်မိသားစုများအား မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသပေးခဲကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)