ပုသိမ်ကြီး နိုဝင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်၊ စာအုပ်/စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက စည်သာယာရပ်ကွက်ရှိ မူလတန်းလွန်ကျောင်း၌ ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မာအေးက ဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် စာအုပ်စာစောင်ပြပွဲများ ပြုလုပ်ရခြင်း ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားခဲ့ပြီး စာသင်ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား အသိပညာ ဗဟုသုတ ကြွယ်ဝစေရန် စာအုပ်များ ငှားရမ်းခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းအပြင် ကလေးအလုပ်သမား ပပျောက်ရေးအကြောင်း သိကောင်းစရာများကို ဟောပြောခဲ့ပြီး၊ သဘာဝဘေးအန္တရာယ်အကြောင်း လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)