မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား လာရောက် ဖူးမြော်ကြည်ညိုကြ‌သော ရဟန်းရှင်လူပြည်သူအပေါင်းအား ကျန်းမာရေးစောင့်ရှောက်မှုများဖြင့် (အခမဲ့)ကုသပေး

မဟာအောင်မြေ နိုဝင်ဘာ ၂၂

မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား လာရောက်ဖူးမြော်ကြည်ညိုကြ‌သော ရဟန်းရှင်လူပြည်သူများအား မဟာအောင်မြေမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမားရေးဌာနမှ ကျန်းမားရေးဝန်ထမ်းများက အဟာရဒါနများဖြင့် ကျွေးမွေးဧည့်ခံခြင်းနှင့် ကျန်းမားရေးစောင့်ရှောက်မှုများကို (အခမဲ့)ကုသပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်ကျောင်းတိုက် မဟာနာယက ဆရာတော် နိုင်ငံတော်ဩဝါဒစရိယ ရွှေကျင်နိကာယဥပဥက္ကဋ္ဌမဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု ကျေးဇူးတော်ရှင် စည်ရှင်ဆရာတော်ဘုရားကြီး ဆရာတော် ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသ သည် နိုဝင်ဘာ ၁၉ ရက် မနက် ၉ နာရီ ၃၃ မိနစ်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။

ဆရာတော်ဘုရားကြီး ရုပ်ကလာပ်တော်အား လာရောက်ဖူးမြှော်ကြသော တိုင်းဒေသကြီး/ပြည်နယ်များနှင့် ရပ်ကွက်နေ ရဟန်းရှင်လူပြည်သူအပေါင်းအား ယမန်‌နေ့ည‌နေ(၆)နာရီက တိပိဋိက ဓမ္မဘဏ္ဍာဂါရိက ယောဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ဆရာတော်မှ တာရားတော်များ ဟောကြားခဲ့ပြီး ယနေ့ည‌နေ(၆)နာရီတွင်လည်း  ပါချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ ဆရာတရားတော်ကြီးက တရားတော်များဟောကြားချီးမြှင့်ပေးသွားမည်ဖြစ်‌ကြောင်းနှင့် ၂၃-၁၁-၂၀၂၃ ရက်နေ့ (ကြာသပတေးနေ့) နေ့လယ်(၁၂)နာရီအချိန် အန္တိမအဂ္ဂိ ဈာပန ရေစက်ချအခမ်းအနားကို အောင်မြေသာစည်အလယ်ကျောင်းကြီး၌ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရမှ  တရားတော်‌များဖြင့် ဟောကြားချီးမြှင့်မည်ကြောင်း သိရသည်။

ဆရာတော်ဘုရားကြီး၏ ဥရုဇရုပ်ကလာပ်တော်အား နိုဝင်ဘာ(၁၉)ရက်နေ့မှ (၂၃)ရ‌က်‌‌နေ့‌ နေ့လယ်ပိုင်းအထိ မဟာဝိသုဒ္ဓါရုံတိုက်သစ်ကျောင်း ယာယီစံ‌ကျောင်းတော်၌ လာရောက်ဖူးမြော်နိုင်ပြီး နိုဝင်ဘာလ(၂၃)ရက်နေ့ ညနေပိုင်းတွင်  မဟာအောင်မြေမြို့နယ် ၃၉ လမ်းနဲ့ လမ်း ၄၀ ကြား ဧရာဦးဆိပ်ကမ်းသို့ ကရဝိတ်ယာဥ်တော်နဲ့ ပင့်ဆောင်ပြီး အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားအား စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ဇော်မင်း