မိုင်းတုံ နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မြို့နယ်ကြက်ခြေနီအဖွဲ့မှ မီးဘေးသင့်အိမ် ထောင်စု(၁၅)စုအား မိသားစုသုံးပစ္စည်းများ ထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အားကစားခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက မီးဘေးသင့်ပြည်သူအား အားပေးအမှာစကားပြောကြားပြီး၊ မြို့နယ်ရဲမှူး မြင့်အောင်ကလည်းကောင်း၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ညွှန့်က လည်းကောင်း အသီးသီးအားပေး စကားပြောကြားပြီးနောက် မီးဘေးသင့်ပြည်သူ အိမ်ထောင်စု(၁၅)စု ကို မြိုနယ်ကြက်ခြေနီမှ အိမ်ထောင်စုတစ်စုလျှင် မိသားစုသုံးပစ္စည်းများဖြစ်သော စောင်(၂)ထည်၊ မိုးကာစ(တာပေါ်လင်)(၂)ထည်၊ အမျိုးသား၀တ်ပုဆိုးနှင့် အင်္ကျီ(၁)စုံဆေးစိမ်ခြင်ထောင်(၁)ထည်၊ အမျိုးသ္မီး၀တ်လုံချည်နှင့်အင်္ကျီ (၁)စုံ၊ ကျောင်းသူ၀တ်စကတ်နှင့်အင်္ကျီ(၁)စုံ၊ ကျောင်းသား၀တ်ဘောင်းဘီနှင့် အင်္ကျီ(၁)စုံ ကျောင်းသူဝတ်အတွင်းခံဘောင်းဘီ(၁)စုံနိုင်လွန်ကြိုး၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ပလပ်စတစ်ပုံး စတီးလ်မတ်ခွက်(၃)လုံး၊ စတီးလ်ဇွန်း(၅)ချောင်း၊ စတီးလ်ဓါး(၁)ချောင်း၊ ချက်ပြုတ်ရန်အိုးနှင့် အဖုံး(၁)စုံ၊ ရေသန့်ပုံး(၁)ပုံး၊ ရေပုံး၊လက်သည်းညှပ်၊ အမျိုးသ္မီးလစဉ်သုံးပစ္စည်း(၂) ထုပ်၊ သွားတိုက်တံ(၅)ချောင်း၊ သွားတိုက်ဆေး(၅)ဗူး၊ မျက်နှာသုတ်ပုဝါ(၅)ထည်၊ ကိုယ်တိုက်ဆပ်ပြာ (၅)ခဲ၊ ဆပ်ပြာခွက်(၂)ခွက်၊ အ၀တ်လျှော်ဆပ်ပြာ (၅)တောင့်၊ အိမ်သာသုံးစက္ကူ(၅)လိပ်၊ ဆပ်ပြာမှုန့်ကြီး(၁)ထုပ်၊ ခေါင်းလျှော်ရည်(၁)ဗူး၊ သောက်ရေခွက်(၂)ခွက်၊ ခေါင်းဘီး(၁)ချောင်း၊ မုန့်(၁)ထုပ်၊ ရေသန့်ဆေးပြား(၃)ခဲ၊ မုတ်စိတ်ရိတ်ပတိတ်ဓါး(၅) ချောင်းကိုထောက်ပံ့ပေးခဲ့ရာ မီးဘေးသင့်ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)