မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်အတွင်း မိုးစပါး စံကွက်ရိတ်သိမ်းခြင်း ပြုလုပ်ကျင်းပ

ရေး  နိုဝင်ဘာ  ၂၂

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်အတွင်း အဘော်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၁၃၂)၊ ကွင်းအမည် ကတို့ကွင်းဦးပိုင်အမှတ်(၁၂၈)၊ မြေကွက်အမှတ်(၁၁၆၁)ရှိ တောင်သူဦးဟတိုင်း၏ "ကောင်း"အဆင့်တန်းရှိ ရွှေတစ်ဆုပ်စပါးမျိုးစိုက်ခင်းကို ယနေ့နံနက်(၉:၃၀)နာရီအချိန်တွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို  ပြုလုပ်ကျင်းပခဲ့သည်။

ထိုသို့ ပြုလုပ်ကျင်းပခဲ့ရာတွင် ရေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကိုကိုဦးနှင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပြီး ရေးမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးဝင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဇော်မင်းတို့က ဌာနဆိုင်ရာဝန်ထမ်းများနှင့် "ကောင်း"အဆင့်ရှိ စံကွက်ငယ်(ဝ.ဝဝ၁)ဧကအား ရိတ်သိမ်းခဲ့ရာ အစိုအထွက်(၁၀၀.၉)တင်း ထွက်ရှိခဲ့ပါသည်။

ထို့နောက် အဘော်ကျေးရွာအုပ်စု ကွင်းအမှတ်(၁၁၃၂)ကွင်းအမည် ကတို့ကွင်းဦးပိုင်အမှတ်(၁၃၅)၊ တောင်သူဦးမင်းထွန်း၏ ပေါ်ဆန်းရင်မိုးစပါးစိုက်ခင်းတွင် "ကောင်း"အဆင့်ရှိ စံကွက်ငယ် (ဝ.၀၀၁)ဧက ရိတ်သိမ်းခဲ့ရာ အစိုအထွက်(၇၀.၃၅)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

ရေး (ပြန်/ဆက်)