ဟိုပုံးမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

ဟိုပုံး နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉နာရီအချိန်က အမှတ် (၃) အခြေခံ ပညာမူလတန်းလွန်ကျောင်းနှင့် နောင်တောင်းပရဟိတသီလရှင်ကျောင်းတို့တွင် ပြုလုပ်ခဲ့ကြသည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက  လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ပြည့်စုံရန်လို အပ်ကြောင်း၊ ပြည်သူ့စာကြည့်တိုက်သို့ စာပေဗဟုသုများလာရောက်ဖတ်ရှုလေ့လာနိုင်ကြောင်း၊ ကျောင်းသားလူငယ်များစည်ကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်မြှင့်တင်စေရေးနှင့် အသိပညာ ဗဟုသုတပိုမိုရရှိစေရေးအတွက် ဟောပြောပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်က ကျောင်းသား၊ ကျောင်းသူများအား အယ်နီညိုရာသီဥတု ဖြစ်ပေါ်လာပုံ အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယ လက်ထောက်ဦးစီးမှူး ဦးသန်းထိုက်စိုးက ပလတ်စတစ်ညစ်ညမ်းမှုအကြောင်းအရာများကို လည်းကောင်း အသိပညာပေးပြောပြာခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား သဘာဝပေးအန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်နှင့် ပလတ်စတစ်အသိပညာပေး လက်ကမ်းစာစောင်များဖြန်ဝေပေးခဲ့ကြောင်းသိရသည်။ ထို့နောက် နောင်တောင်းပရဟိတသီလရှင်ကျေင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများပြုလုပ်၍ စာစောင်များ ငှားရမ်းပေးခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)