ချောင်းဆုံမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ချောင်းဆုံ နိုဝင်ဘာ ၂၂

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် တောင်သူများစိုက်ပျိုးထားသည့် မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်မြင့်မားရေးအတွက် နည်းပညာပေးဆွေးနွေးပွဲနှင့် စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို နိုဝင်ဘာ ၂၀ ရက်နေ့က နတ်မှော်ကျေးရွာ စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ထုတ်စိုက်ခင်း ကွင်းအမှတ်-၆၁၃ ၊ မြေကွက် အမှတ်-၂၁၉၉ တွင် ကျင်းပခဲ့သည်။

အဆိုပါ စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (ဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တောင်သူများ တက်ရောက်ခဲ့ကြပြီး စံကွက်အနေဖြင့် မျိုးစေ့ထုတ် (ဆင်းသုခစပါး) (၀.၁၀) ဧက ရိတ်သိမ်းခဲ့ရာ စပါးအစိုတင်း (၇၅) တင်းရ၍ စပါးအခြောက် တင်း(၇၀) ခန့် ထွက်ရှိကြောင်း၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ဧက (၆၅၂၄၂)ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)