ဘူးသီးတောင် နိုဝင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက်ပိုင်းမှစ၍ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ဝန်ထမ်းများက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ပင်စင်စားဝန်ထမ်း ( ၁၃၀၅)ဦးရှိပြီး နိုဝင်ဘာလ ၂၁ ရက်နေ့ ယနေ့နံနက်ပိုင်းက (၃၂၄)ဦးတို့အား ပင်စင်လစာများကို ထုတ်ပေးခဲ့ပြီး ကျန်ပင်စင်စားဝန်ထမ်းများအား နိုဝင်ဘာလ( ၂၂) ရက်နေ့မှစ၍ လကုန်ရက်အထိ နေ့စဉ် နံနက် ၇ နာရီမှ နေ့လယ် ၂ နာရီထိ ပင်စင်လစာငွေများကို ထုတ်ပေးမည်ဖြစ်ပြီး အငြိမ်းစားအသက်ကြီးသူများနှင့် ကျန်းမာရေး မကောင်းသူများ၏ ပင်စင်လစာများကို ကိုယ်စားလှယ်လွှဲစာဖြင့် မိသားစုဝင်များက အဆင်ပြေစွာ ထုတ်ယူနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်က စီစဉ်ဆောင်ရွက်ပေးထားသလို သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား လစဉ်လဆန်း ဘဏ်လုပ်ငန်းဖွင့်ချိန်များတွင် ပင်စင်လစာများကို ဆက်လက်ထုတ် ပေးမည်ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်အေးအေးခိုင်မှ သိရသည်။
မြို့နယ်(ပြန်/ဆက်)