ပုဗ္ဗသီရိမြို့နယ်ရုံး၌ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် "စိတ်ရောင်စုံအလှပိုင်ရှင်မြန်မာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပုဗ္ဗသီရိ နိုဝင်ဘာ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် "စိတ်ရောင်စုံအလှပိုင်ရှင်မြန်မာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံး၊ ပြည်သူ့စာကြည့်တိုက်၌ ဆွေးနွေးကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စာရေးဆရာများ၊ စာရေးဆရာမများဖြစ်ကြသည့် ဦးစိန်ဝင်း(စိန်ဝင်းနွယ်၊ ဘာသာပြန်)၊ ဦးခင်မောင်ကျော် (ရဲမွန်ကျော်)၊ ဦးဌေးဦး(နွေဦးကိုကို)၊ ဒေါ်ချယ်ရီအောင်သန်း (ချယ်ချယ်-YU)တို့က စိတ်ရောင်စုံအလှပိုင်ရှင်မြန်မာစာအုပ်တွင် ပါဝင်သည့်  မြန်မာ့စိတ်ထား များ၊ မြန်မာများကျေးဇူးသိတတ်ပုံများ၊ မြန်မာ့စိတ်ထားသည် မြန်မာစာပေထဲမှာ ထင်ရှားလျက်ရှိပုံများ၊ မိမိအပေါ် ကျေးဇူးရှိဖူးသူများအပေါ် ကျေးဇူးပြန်ဆပ်ကြပုံများနှင့် စပ်လျဉ်းပြီး ရာဇကုမာရ်၏ သမိုင်းကြောင်းများကို အတုယူသင့်၊ သိထားတတ်ထားသင့်သည့် ဗဟုသုတများ၊ စာပေတွေကိုဖတ်ရှုပြီး ဖတ်ရှုသမျှမှတ်မိကြစေရန် စာပေဝိုင်းများတွင် ပါဝင်ဆွေးနွေးကြရန်များ၊ စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်းဖလှယ်ကာ ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)