မာန်အောင်မြို့နယ်မှ တောင်ကုတ်တက္ကသိုလ်တွင် အဝေးသင်တက်ရောက်နေသည့် ကျောင်းသား၊ကျောင်းသူများ ပြန်လည်ရောက်ရှိ

မာန်အောင် နိုဝင်ဘာ ၂၁

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်မှ တောင်ကုတ်တက္ကသိုလ်တွင် အဝေးသင်တက်ရောက်နေသည့် ကျောင်းသား/ သူများသည် စာမေးပွဲဖြေဆိုပြီး၍ ယနေ့နံက် ၁၀ နာရီခွဲက ရွှေပြည်တန်၊ ရွှေလင်းယုန် အမြန်ယာဥ်များဖြင့် မာန်အောင်မြို့နယ်သို့  ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသား/သူများသည် ရွှေပြည်တန်အမြန်ယာဥ်တွင် ကျား(၅၉)ဦး၊ မ(၁၂၉)ဦး၊ ရွှေလင်းယုန်အမြန်ယာဥ်တွင် ကျား(၅၀)ဦး၊ မ(၁၂၉)ဦး လိုက်ပါလာကြရာ မာန်အောင်မြို့မ သင်္ဘောဆိပ်ကမ်းမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရတခမရ(၃၅၄)မှ ခေတ္တတပ်ရင်းမှူးနှင့်အဖွဲ့များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ကြိုဆိုပြီး စနစ်တကျစိစစ်လက်ခံခဲ့ကြကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)