ပြင်ဦးလွင်မြို့နယ်တွင် ခရိုင်အမျိုးသမီးကော်မတီ အစည်းအဝေးကျင်းပ

ပြင်ဦးလွင် နိုဝင်ဘာ ၂၁  

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးအခမ်အနားကို ယမန်နေ့နံနက်  ၁၀ နာရီအချိန်က   ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အမျိုးသမီးကော်မတီဉက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူးက ခရိုင်အတွင်းရှိ အမျိုးသမီးများနှင့်ပတ်သတ်၍ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး ခရိုင်အဆင့်တက်ရောက်လာသော ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှ အထွေထွေဆွေးနွေးတင်ပြကြပြီးနောက် အစည်း အဝေးဆုံးဖြတ်ချက်များအား ဖတ်ကြားတင်ပြခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)