မန္တလေး နိုဝင်ဘာ ၂၁
၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်၊ မန္တလေးတိုင်းဒေသကြီး၊ အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာအားကစားကွင်းတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်း၊ တိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးစောငြိမ်း၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ခရိုင်အုပ်စု(၇)သင်းမှ အားကစားအဖွဲ့အားကစားသမားများ၊ အုပ်ချုပ်သူနည်းပြများ၊ အားကစားဝါသနာရှင်များနှင့် ဧည့်ပရိသတ်များ စုစုပေါင်းအင်အား (၄၃ဝဝ) ကျော် တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အမှာစကားပြောကြားရာ၌ နိုင်ငံတော်မှ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို အပြည့်အဝအထောက်အကူဖြစ်စေရန် အလေးထားဆောင်ရွက်လျက်ရှိပြီး ဗလငါးတန်ပညာမာန်ဖြင့် အနာဂတ်ပဲ့ကိုင်ရှင်များဖြစ်ကြသည့် ကျောင်းသား/သူ၊လူငယ်များ၏ အတွေးအမြင်များ ပိုမိုဆန်းသစ်လာစေရန်နှင့် အခြေခံပညာကဏ္ဍကို ပညာအခြေခံများကောင်းမွန်အောင် အဘက်ဘက်က မြှင့်တင်ဆောင်ရွက်နေပါကြောင်း၊ အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိပါကြောင်း၊ ယခု အားကစားပြိုင်ပွဲတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ဘတ်စကတ်ဘော၊ ကြက်တောင်၊ စားပွဲတင် တင်းနစ်အားကစားနည်း(၇)မျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်ပါကြောင်း၊ နေပြည်တော်တွင် ကျင်းပမည့်ဗဟိုအဆင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြရမည်ဖြစ်ပြီး ပေါ်ထွက်လာမည့် ထူးချွန်အားကစားသမားများအနေဖြင့် ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့်(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံနှင့်လူမျိုးအတွက် တန်ဖိုးရှိရှိ တာဝန်ကျေပွန်သော တတ်သိပညာရှင် ထူးချွန်သော ကျောင်းသား၊ကျောင်းသူများဖြစ်အောင် အထူးကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီး အခြေခံပညာကျောင်းသား အားကစားပွဲတော်ကြီးအား ဖွင့်လှစ်ပေးခဲ့သည်။
၄င်းနောက် ပြိုင်ပွဲဝင်အားကစားအသင်းများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး အားကစားအသင်းများက စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သရုပ်ပြအဖွဲ့များမှ ကဗျာအလွတ်အက၊ ကိုယ်လက်ကြံ့ခိုင်ရေး အတွဲ-၃/၄၊ မြန်မာ့သိုင်းအက၊ Fitness Dance အကတို့ဖြင့် သရုပ်ပြတင်ဆက်ပြသမှုများနှင့် ပြေးခုန်ပြစ်ပြိုင်ပွဲ (မီတာ-၁၀၀၊ မီတာ-၂၀၀) အပြေးပြိုင်ပွဲ ယှဉ်ပြိုင်ကျင်းပနေမှုများကို ကြည့်ရှုအားပေးပြီး ဆုရရှိသူများကိုဆုများ ချီးမြှင့်ခဲ့ကြသည်။
မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)