တန့်ယန်း နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ ဓမ္မဂုဏ်ရည်ကျောင်းတိုက်ကြီး၏ ကထိန်လျာသင်္ကန်းနှင့် လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းသည့် ကထိန်အလှူတော်မင်္ဂလာပွဲကြီးကို ယမန်နေ့က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး တောင်တန်းသာသနာပြု ဆရာတော်အဂ္ဂမဟာကမ္မာဌာနစရိယ ဘဒ္ဒန္တသုခမိန္ဒ(စဝ်ဆုခမ်း)ထံမှ အလှူရှင်အသီးသီးတို့က ငါးပါးသီလခံယူဆောက်တည်၍ ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော် အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ကြသည်။
ယင်းနောက် တောင်တန်းသာသနာပြု ဆရာတော်အဂ္ဂမဟာကမ္မာဌာနစရိယ ဘဒ္ဒန္တသုခမိန္ဒ (စဝ်ဆုခမ်း)နှင့် ဆရာတော်ကြီးများအား ကထိန်လျာသင်္ကန်း အလှူရှင်အသီးသီးတို့က ကထိန်လျာသင်္ကန်းနှင့် လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)