ငွေတောင်ဦးကျောင်းတိုက် သီရီမင်္ဂလာကျောင်းတိုက်၊ သိန်းဖျံကျေးရွာ၌ စုပေါင်းမဟာဘုံ ကထိန်ပွဲကျင်းပ

ကာလိ နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ မြို့မကျေးရွာအုပ်စု ငွေတောင်ဦးသီရိမင်္ဂလာကျောင်းတိုက်၊ သိန်းဖျံကျေးရွာ၌ စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာပဒေသာပင်များကို ကာလိအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှစတင်၍ မြို့တွင်းသို့လှည့်လည်အပူဇော်ခံပြီး ငွေတောင်ဦးသီရိမင်္ဂလာကျောင်းတိုက်သို့ ပို့ဆောင်ခဲ့ကြသည်။

အခမ်းအနားသို့ စစ်ဗျူဟာအခြေချ(ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်၊ ကာလိမြို့အမှတ် (၁၅၁) ခြေလျင်တပ်ရင်း တပ်ရင်းမိသားစု၊ ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဈေးသူဈေးသားများ၊ ကျောင်းဒါယိကာ၊ ဒါယိကာမများနှင့် ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြသည်။ ထို့နောက်ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို "နမောတဿ" (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ ငွေတောင်ဦး သီရိမင်္ဂလာကျောင်းတိုက် ဆရာတော် ဉူးဝိစိတ္တနှင့် ဆရာတော် ၊ သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီး ဆက်ကပ်လှူဒါန်း ကြသည်။

ယင်းနောက် ငွေတောင်ဦးသီရိမင်္ဂလာကျောင်းတိုက် ဆရာတော်ဉူးဝိစိတ္တမှ " ကထိန်ဘာကြောင့် ခင်းရတယ်" တရားတော်ကိုဟောကြားခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှဝေကြပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။ ကြွရောက်လာကြသည့် အလှူရှင်များက ရွှေမိုးငွေမိုးရွာသွန်း ပေးခဲ့ကြကြောင်းသိရသည်။

ထင်ထင်(ကာလိ၊ ပြန်/ဆက်)