လားရှိုး နိုဝင်ဘာ ၂၀
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဝန်ထမ်းများနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအဆင့်ဆင့်မှ ယာယီနေရပ်စွန့်ခွာဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (လားရှိုး) ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
တွေ့ဆုံပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက အဖွင့်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် သိန္နီ၊ ဟိုပန်၊ ကွမ်းလုံ၊ ပန်လုံမြို့တို့မှ ယာယီနေရပ်စွန့်ခွာဝန်ထမ်းများက တင်ပြလိုသည်များကို တင်ပြကြသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့ပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)