ဆီဆိုင်မြို့၌ (၂၇) ကြိမ်မြောက် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပ

ဆီဆိုင် နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော () ကြိမ်မြောက် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယနေ့နံနက် နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

စုပေါင်းမဟာဘုံကထိန်ပွဲတော် ပဒေသာပင်များအား ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ မြို့မစျေးတစ်ပတ်လှည့်လည်ပြီး ဟိုခဲရပ်ကွက်ရှိ ဥတ္တရာရုံကျောင်းတိုက်၌ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကေသရနှင့် သံဃာတော်များထံမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးခွန်လှသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ဒေသခံ စေတနာရှင်ပြည်သူများက ဩကာသကန်တော့ချိုးဖြင့် ကန်တော့၍ ငါးပါးသီလနှင့် ပရိတ်တရားတော်များကို နာယူဆောက်တည်ကြသည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးခွန်လှသိန်း၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှတာဝန်ရှိသူများ၊ ဒေသခံစေတနာရှင်ပြည်သူများက ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီးနောက် ကထိန်အနုမောဒနာ တရားနာယူကာ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေပြီး ဆရာတော်၊ သံဃာတော်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ မိသားစု၀င်များ၊ ဒေသခံစေတနာရှင်ပြည်သူများ၏ ပဒေသာပင် (၂၀) ပင်၊ ပစ္စည်းတန်ဖိုး (၅၄၅၀၈၀၀) ကျပ်၊ ငွေသားတန်ဖိုး (၁၁၈၀၇၆၀၀) ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၁၇၂၅၈၄၀၀) ကျပ်ကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)