မက်မန်း နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့ခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှစတင်၍ ပညာဒီပကျောင်းတိုက်အထိ ပဒေသပင်များဖြင့် စည်ကားစွာ လှည့်လှည်ခဲ့ကြသည်။
ထို့နောက် မက်မန်းမြို့ ပညာဒီပကျောင်းထိုင်ဆရာတော်မှ ကိုးပါးသီလဆောက်တည်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များနာကြားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။ အဆိုပါ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့ခံပြည်သူများ စုပေါင်းလှူဒါန်းကျင်းပခဲ့ခြင်းဖြစ်ပြီး ပဒေသာပင်စုစုပေါင်း (၂၄) ပင်၊ ပစ္စည်းတန်ဖိုးငွေကျပ် (၆၆) သိန်းကျော်၊ ငွေသားကျပ် သိန်း (၁၆၀)ကျော်၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၂၂၆) သိန်းကျော် ပါဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)