ကျိုင်းတုံ နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အခွင့်အရေးအားလုံးရရှိရေး ကလေးတိုင်းအတွက်ဖော်ဆောင်ပေး ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ကလေးများနေ့ (World Children’s Day) အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျိုင်းတုံမြို့တော်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းက ကလေးသူငယ်များအတွက် အကောင်းဆုံအကျိုးစီးပွားဖြစ်ထွန်းစေရန်၊ ခွဲခြားဆက်ဆံမှုမရှိစေရေး၊ အသက်ရှင်ထိုင်ခွင့်နှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ အကလေးများ၏ ထင်မြင်ယူဆချက်များကို အလေးထားရမည်ဖြစ်ကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းများကို ပြည်သူလူထုအတွင်း ပိုမိုဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ကမ္ဘာ့ကလေးများနေ့(World Children’s Day) ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် ကလေးငယ်များက တေးသရုပ်ဖော်အကများဖြင့် ဖျော်ဖြတင်ဆက်ကြရာ တာဝန်ရှိသူများက ကလေးငယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)