လားရှိုး နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ထားရှိသည့် မြို့နယ်များတွင်ပါဝင်သည့် လားရှိုးမြို့တွင် ညမထွက်ရသတ်မှတ်ထားသော အချိန်ကာလအတွင်း ကျန်းမာရေးနှင့်ပတ်သက်၍ အရေးကြီးအကူအညီလိုအပ်ပါက ပရဟိတအဖွဲ့များသို့ ဆက်သွယ်ကာ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
ဆက်သွယ်အကူအညီတောင်းခံနိုင်သည့် ဖုန်းနံပါတ်များမှာ ရပ်ကွက်(၂-၃-၄-၅)ကမ်းလင့်လက်လူမှုကူညီရေးအသင်း 09259441828 ၊ ရပ်ကွက်(၅-၆-၇-၈) လားရှိုးလူငယ်လူမှုကူညီရေးအသင်း 09403730774/ 09771100032၊ ရပ်ကွက်(၉-၁၀)၊ ပေးသောလက်လူမှုကူညီရေးအသင်း 09423898891၊ ရွှေလှိုင်မေတ္တာ လူမှုကူညီရေးအသင်း 09696569581၊ ရပ်ကွက်(၁၊ ၁၀၊ ၁၁) မေတ္တာတံခွန်လူမှုကူညီရေးအသင်း 09403708695 ၊ ရပ်ကွက်(၁) ကောင်းဆာလူမှုကူညီရေးအသင်း 09403705758 ၊ ဓမ္မရက္ခိတလူမှုကူညီရေးအသင်း 09697700433၊ တာပုံကျေးရွာနှင့် အောင်သစ္စာကွက်သစ်တို့တွင် အောင်သစ္စာပရဟိတအသင်း 09683360582၊ နားမခေါ်နှင့် ရပ်ကွက်(၁)တို့တွင် မေတ္တာစမ်းရေလူမှုကူညီရေးအသင်း 09766201460 တို့ကို ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)