ခိုလမ် နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလမ်မြို့၊ နောင်ဖာပရဟိတကျောင်းတိုက်တွင် ဌာနဆိုင်ရာများ စုပေါင်းကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက်(၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ စုပေါင်းဘုံကထိန်ပွဲကို ခိုလမ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေး မှူး ဦးအောင်ကျော်မြင့်မှ ဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ ၊ အလှူရှင်များမှ"နမောတဿ" (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ နောင်ဖာပရဟိတကျောင်းတိုက်ဆရာတော်နှင့် ပင့်သံဃာတော်များထံ ကထိန်သင်္ကန်း၊ ငွေပဒေသာပင်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် နောင်ဖာပရဟိတကျောင်းတိုက်ဆရာတော်မှ “ကထိန်ဘာကြောင့် ခင်းရတယ်” တရားတော်ကို ဟောကြားခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှဝေကြပြီး ဖိတ်ကြားထားသူများအား ဒံပေါက်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး အလှူရှင်များက ရွှေမိုးငွေမိုးရွာသွန်းပေးခဲ့ကြကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)