သုံးခွ နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ဆရာ/ဆရာမများ အင်္ဂလိပ်စာအရည်အသွေးမြှင့်တင်ရေးဆွေးနွေးပွဲ (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်ကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ-ထ-က -၁ ကျောင်းခန်းမ၌ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဌေးနိုင်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်အေးသန့်သန့်စိုးဝင်းမှ သင်တန်းပို့ချရာ တက်ရောက်လာ သည့် သင်တန်းသူ ဆရာ/ဆရာမများက သိရှိလိုသည်များမေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ၁၈-၁၁-၂၀၂၃ရက်နေ့မှ ၁၉-၁၁-၂၀၂၃ ရက်နေ့အထိသင်ကြား ပို့ချမှာဖြစ်ပြီး အထက်တန်း၊ အလယ်တန်း၊ မူလတန်း ဆရာ ဆရာမ (၁၅၄)ဦး တက်ရောက်ကြပြီး နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိသင်ကြားပို့ချပေးမည် ဖြစ်ကြောင်းသိရသည်။
စည်သူလင်း(ပြန်/ဆက်)