ကျိုင်းတောင်းမြို့ အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိဝန်ထမ်းများမှ ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှုပပျောက် ရေးဆိုင်ရာအသိပညာပေး နယ်လှည့်ဟောပြောပွဲကို အောက်တိုဘာ ၁၆ နံနက်(၁၀) နာရီအချိန် ခန့်က အခြေခံပညာမူလတန်းကျောင်း(ပါဆာ)၌ ဆောင်ရွက်ခဲ့သည်။
နယ်လှည့်ဟောပြောပွဲတွင် ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းက ကျောင်းသားကျောင်းသူများအား လူကုန်ကူးမှုပပျောက်ရေးနှင့် သက်ဆိုင်သော အကြောင်းအရာများ၊ လူကုန်ကူးမှု၏ ဆောင်ရန်/ရှောင်ရန်အချက်အလက်များ၊ သတိထားသင့်သောအချက်များနှင့်တကွ လူကုန်ကူးခံ ရပါက မည်သို့လုပ်ဆောင်သင့်ကြောင်း ကျောင်းသား/ကျောင်းသူများနှင့် အပြန်အလှန်ဟောပြော ဆွေးနွေးခဲ့သည်။
ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုပပျောက်ရေးဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များ၊ ဒေသဖွံ့ဖြိုးရေးမှတ်တမ်း နံရံကပ်ဓာတ်ပုံများကို ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)