မြစ်ကြီးနားတက္ကသိုလ် ၂၀၂၃ ပညာသင်နှစ်အဝေးသင် တတိယအသုတ် ဝိဇ္ဇာဘာသာရပ်စာမေးပွဲ‌ ဖြေဆိုပြီးစီး

မြစ်ကြီးနား နိုဝင်ဘာ ၁၈

မြစ်ကြီးနားတက္ကသိုလ် ၂၀၂၃ ပညာသင်နှစ် အဝေးသင်တက္ကသိုလ် တတိယအသုတ် (နောက်ဆုံးအသုတ်) ဝိဇ္ဇာဘာသာရပ်စာမေးပွဲ‌ကို ယနေ့က  ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ အဝေးသင်တက္ကသိုလ် တတိယအသုတ်စာမေးပွဲကို နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ဖြေဆိုခဲ့ရာ ဝိဇ္ဇာဘာသာတွဲ (၄)ခုမှ ကျောင်းသား/ကျောင်းသူဦးရေ (၂၈၀၀) ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် ပထမအသုတ်အဝေးသင် သိပ္ပံဘာသာတွဲ (၅)ခုတွင် ကျောင်းသား/ကျောင်းသူဦးရေ (၈၀၀) ကျော်၊ ဒုတိယအသုတ်ဝိဇ္ဇာဘာသာတွဲ (၆)ခုတွင် ကျောင်းသား/ကျောင်းသူ ဦးရေ (၅၂၀၀) ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရှိရသည်။

မြစ်ကြီးနားတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နေ့သင်တန်းအတွက် နိုဝင်ဘာ ၁၆ ရက်နေ့မှ ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်ပေးလျက်ရှိပြီး နိုဝင်ဘာ ၂၃ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းထံမှ သိရသည်။

ခရိုင် (ပြန်/ဆက်)