လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက်/ကျေးရွာစာကြည့်တိုက်ကြီးကြပ်မှု ကော်မတီဆွေးနွေးပွဲ ကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း)  နိုဝင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များကြီးကြပ်မှု ကော်မတီဆွေးနွေးပွဲကို   ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီ အဖွဲ့၀င်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆွေးနွေးပွဲ ကျင်းပသည်။

 ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင် အင်းစိန်ခရိုင် တာဝန်ခံ ဦးဘိုကြည်က ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ စာကြည့်တိုက်သုံးပစ္စည်းများ၊ စာအုပ်၊ စာတမ်းများကို စာရင်းဇယားဖြင့်စနစ်တကျထားရှိရန်၊ မြေနေရာရရှိစေရေး အမည်ပေါက်မြေဂရန်ရရှိစေရေး ပရိဘောဂ စာအုပ်စာစောင်များ စနစ်တကျထားရှိရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်ကြီးကြပ်မှု ကော်မတီအဖွဲ့၀င် ဦးအေးသိမ့်က စာကြည့်တိုက်အတွက် စာဖတ်သူလူငယ်များ မရှိမဖြစ်လိုအပ်ကြောင်း၊ စာဖတ်ရှိန်မြင့်မားအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် မြေပြင်အမှန်ရှိစာကြည့်တိုက်များသို့ ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး တိုင်းစာကြည့်တိုက်ကြီးကြပ်မှုကော်မတီ ရုံးအဖွဲ့မှူးဆရာဦး၀င်းသိန်းက စာကြည့်တိုက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေပါအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် အမှန်တကယ်လိုအပ်သောပစ္စည်းများကို တင်ပြကြရန် ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူ အဖွဲ့၀င်များမှလည်း သိရှိလိုသည်များကိုမေးမြန်း၍ အပြန်အလှန်ဆွေးနွေးပြောကြားကြသည်။

 

ထို့နောက်ဆွေးနွေးပွဲသို့ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်များအတွက် စာအုပ်များပေးအပ်လှူဒါန်းပြီး အမှတ်(၇)ရပ်ကွက် အာရုံဦးစာကြည့်တိုက်အတွက် လျာထားမြေနေရာနှင့် အမှတ်(၆)ရပ်ကွက် ထွန်းတောက်ကြယ် စာကြည့်တိုက်အတွက်မြေနေရာ၊ ရွှေလင်ပန်းကျေးရွာ ရွှေလ၀န်းစာကြည့်တိုက်တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ခင်၀င်းမူ