ညောင်ရွှေ နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှူးဖလား အသက် (၂၅) နှစ်အောက် ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၁၅ ရက် ညနေ ၃ နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပသည်။
ဘောလုံးပြိုင်ပွဲတွင် ရွာသာကျေးရွာအသင်းနှင့် တိလောကျေးရွာ (ခ) အသင်းတို့ စတင်ယှဉ်ပြိုင်ကစားရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ကော်မတီဝင်များ၊ သက်ဆိုင်ရာအသင်းများမှ ကြီးကြပ်အုပ်ချုပ်သူများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါဘောလုံးပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အသင်း ၁၇ သင်းပါဝင်ယှဉ်ပြိုင်ကြပြီး နိုဝင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၁၂ ရက်ထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးသူရိန်