သံဖြူဇရပ်မြို့နယ်၌ မူလတန်းအဆင့် ကျောင်းသားကျောင်းသူများ၏ မျက်စိအမြင်အာရုံဆိုင်ရာ ဆန်းစစ်ခြင်းအချက်အလက်ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်

သံဖြူဇရပ်   နိုဝင်ဘာ   ၁၇

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြိနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ (၃၃)ကြိမ်မြောက်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း နှစ်ပတ်လည်အစည်းအဝေးတွင် တင်သွင်းမည့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်အတွင်းရှိ မူလတန်းကျောင်းသား/သူများ၏ မျက်စိအမြင်အာရုံအခြေအနေနှင့် ဆက်စပ်အကြောင်းအရင်းများအား လေ့လာဆန်းစစ်ခြင်း သုတေသနစာတမ်းအတွက် အချက်အလက်များ ကောက်ယူနေမှုကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ သံဖြူဇရပ်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ပြုလုပ်သည်။

အဆိုပါ စမ်းသပ်ခြင်းလုပ်ငန်ကို မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာနအစီအစဥ်ဖြင့် မျက်မှန်ကျွမ်းကျင်သူများ လိုက်ပါသောအဖွဲ့မှ သံဖြူဇရပ်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးစစ်ဆေးစဥ် မျက်စိအာရုံအမြင်ချို့တဲ့သော ကျောင်းသား ကျောင်းသူ ၁၄၆ အား ရှာဖွေစစ်ဆေးခဲ့သည့်  မျက်စိအမြင်အာရုံ အခြေအနေနှင့်ဆက်စပ်သည့် အချက်အလက်များကို ကောက်ယူခဲ့ကြသည်။

အဆိုပါစာရင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမာနှင့် အဖွဲ့ဝင်တို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)