ကာလိ နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်၊ ကွန်ဟိန်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလွင်ဦး၊ ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းနှင့်အဖွဲ့သည် ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းလေ့လာကြည့်ရှု့ခဲ့ကြောင်း သိရသည်။
စစ်ဗျူဟာအခြေချ(ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်နှင့်အဖွဲ့တို့က စာကြည့်တိုက်ရှိစာအုပ်များ ခင်းကျင်းထားရှိမှု၊ ကလေးစာဖတ်ခန်းအပြင်အဆင်နှင့် Minimuseam ထားရှိမှုနှင့် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတို့အား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဝန်ထမ်းများနှင့်တွေ့ဆုံကာ လမ်းညွှန်အမှာစကားပြောကြားပြီး မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က လိုအပ်သည်များ တင်ပြခဲ့ကြောင်း သိရသည်။
ကာလိ(ပြန်/ဆက်)