ကျောက်တံတားမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာသင်တန်း ဖွင့်လှစ် ပို့ချ

ကျောက်တံတား အောက်တိုဘာ ၂၃

​ကျောက်တံတားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် အ​​​ထွေ​ထွေရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် တာဝန်ယူကြမည့် ဆရာ/ဆရာမ များအား ရွေး​ကောက်ပွဲဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့ နံနက်(၉)နာရီမှ စတင်ကာ အ​ခြေခံပညာအထက်တန်း​ကျောင်းတွင် ကျန်းမာ​ရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ  ဖွင့်လှစ်ပို့ချ​ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းအား နှစ်ရက်တာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းချိန်မှာ နံနက်(၉)နာရီမှ ညနေ(၄) နာရီအထိ သင်ကြား​ပေးမည်ဖြစ်ပြီး  မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် တာဝန်ထမ်း​ဆောင်ကြမည့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ​စေတနာ့ဝန်ထမ်း စုစု​ပေါင်း(၁၀၂)ဦး တက်​ရောက်ကြ​ကြောင်း သိရ သည်။ သင်တန်းကို မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲပေးပုံအဆင့်ဆင့်၊ ဆန္ဒမဲရေတွက်မှု၊ ဆန္ဒမဲရလဒ် တွက်ချက်မှု များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များအား မြို့နယ်​​ရွေး​ကောက်ပွဲ​ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အသီးသီးဆွေးနွေးပို့ချပေးကြ ကြောင်း သိရှိရသည်။

ယင်းသို့ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား သင်တန်းပို့ချဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အခန်း(၄)ခန်းခွဲကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ အတိုင်း သင်တန်းနည်းပြများက ပို့ချရာတွင် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် မဲရုံမှူး၊ ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန်ချက်များ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲပေးပုံအဆင့်ဆင့်၊ ဆန္ဒမဲရေတွက်မှု၊ ရလဒ် တွက်ချက်မှုများ၊ ထုပ်ပိုးပို့ဆောင်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ​ဆောင်ရွက်ထားရှိရမည့် လုပ်ငန်းများကို သင်တန်းပို့ချ​​ပေးသည်သာမက လက်​တွေ့သရုပ်ပြ​လေ့ကျင့်ခြင်း ကိုပါ ​ဆောင်ရွက်​​ပေးခဲ့​ကြောင်း သိရသည်။

​ရွှေနန်း​မေ