ကျောက်တန်း အောက်တိုဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွါးမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက် ၇:၃၀ နာရီက မြို့မဈေး၊ ၃၃ ကားဂိတ်၊ ၉၅ ကားဂိတ်၊ ၊ ကျောက်တံတားဇက်ဆိပ်တို့တွင် Maskများ အခမဲ့တပ်ဆင်ပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါသည် ပြည်တွင်းကူးစက်မှုများ များပြားလာခြင်းကြောင့် ပြည်သူများ အနေ ဖြင့် မိမိတို့နေအိမ်ပြင်ပသို့ထွက်ခွါတိုင်း Mask တပ်ဆင်ရေး၊ မဖြစ်မနေသွားလာရမည်ဆိုပါက မိသားစုတစ်စု လျှင် (၁) ဦးသာ သွားလာစေရေး၊ လူစုလူဝေးရှိသော နေရာများကို တတ်နိုင်သ၍ ရှောင်ကျဉ်ရေး၊ အပြင်မှပြန်လာတိုင်း အရာ ဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း လက်သန့်ဆေး(သို့မဟုတ်) ဆပ်ပြာဖြင့် လက်ကိုစနစ်တကျဆေးကြောရန်တို့ကို အသိ ပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)