ဇမ္ဗူသီရိ နိုဝင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ မြို့တော်ခန်းမရှေ့ရှိ ပျဉ်းမနား-တောင်ညိုကားလမ်းပေါ်၌ ယမန်နေ့ညနေပိုင်းက အကြမ်းဖက်အဖွဲ့များနှင့် နောက်ကွယ်မှ ပံ့ပိုးနေသည့် နိုင်ငံများအား ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကန့်ကွက်ရှုတ်ချပွဲသို့ ငြိမ်းချမ်းရေးကိုလိုလားသည့် ပြည်သူ ၅၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး "တိုင်းတစ်ပါးအားကိုး ပုဆိန်ရိုးများအား ဆန့်ကျင်ကြ၊ အမိမြေကိုကာကွယ်ကြ၊ ပြည်ဖျက်မိစ္ဆာတွေကို ဆန့်ကျင်ကြ၊ ပြည်တွင်းရေးကို ဝင်ရောက်နှောင့်ယှက်သူ ဒို့ရန်သူ စသည့် ကြွေးကြော်သံများဖြင့် စုပေါင်းကြွေးကြော်ခဲ့ကြသည်။
ထို့နောက် PDF အကြမ်းဖက်သမားများ၏ နိုင်ငံ့ဝန်ထမ်းများအား ယုတ်မာရိုင်းစိုင်းစွာ ဖမ်းဆီး သတ်ဖြတ်ခြင်းကဲ့သို့ နိုင်ငံတစ်ဝှမ်း အကြမ်းဖက်ဆောင်ရွက်နေမှုများ၊ အနောက်နိုင်ငံများ၏ မြန်မာ့နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ဆောင်ရွက်နေမှုများ၊ အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံရေးအရ ယုတ်မာရိုင်းစိုင်းမှုများကို ရှင်းလင်းဟောပြောခဲ့ကြပြီး တပ်မတော်အနေဖြင့် အဆိုပါအကြမ်းဖက်အဖွဲ့အစည်းများအပေါ် အမြစ်ပြတ်ချေမှုန်းသွားရန် ဆန္ဒဖော်ထုတ်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကိုအောင် (ဇမ္ဗူသီရိ)