မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာ လူမှုကူညီထောက်ပံ့ရေးအဖွဲ့မှ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံမေးမြန်းဆွေးနွေးပွဲကျင်းပ

မိုင်းခုတ် နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ လူမှုကူညီထောက်ပံ့ရေးအဖွဲ့၊ ဒေါက်တာသက်စုအောင် ဦးဆောင်သော အလှူရှင်အဖွဲ့မှ ယမန်နေ့ နေ့လည်၁နာရီအချိန်က ပညာရတနာကျောင်းခန်းမ၌ မိမိတို့ကျောင်းတွင်​ ရေကောင်း​ရေသန့် အသုံးပြုနိုင်​ရေး၊ ကျောင်းသား/ ကျောင်းသူများ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်ခြင်း စသည့် အချက်အလက်များကို ကျောင်းအုပ်ဆရာမကြီး  ဒေါ်နန်းခမ်းဖောင်းနှင့် ဆရာမများအားမေးမြန်းဆွေးနွေးပြီးနောက် အခမ်းအနားတက်ရောက်ကြသည့် ကျောင်းသား/ကျောင်းသူတစ်ဦးချင်းအား တွေ့ဆုံမေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။

 အဆိုပါ အခမ်းအနားတွင်ကျောင်းသား (၂၉) ဦး၊ ကျောင်းသူ (၄၃) ဦး၊ စုစုပေါင်း (၇၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)