ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၀/၂၀၂၃) ကျင်းပ

ဒဂုံမြောက် နိုဝင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၀/၂၀၂၃)ကို နိုဝင်ဘာ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၃၇)ရပ်ကွက်၊ ပင်လုံလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက “၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများသည် ဘဏ္ဍာ‌ရေးနှစ်ကာလနှစ်ဝက်‌ကျော်လာပြီဖြစ်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို စီမံကိန်းကော်မတီသို့ ပေးပို့တင်ပြသွားရန်၊  ရာနှုန်းပြည့်မီစေရေးကြီးကြပ်ဆောင်ရန်နှင့် လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ကြရန် ရန်ကုန်တိုင်းဒေသကြီး၏ ကြီးကြပ်မှုဖြင့် တိုင်းအတွင်း မြို့နယ်များအလိုက် အသံမစဲမဟာပဌာန်းပူဇော်ပွဲများကို တစ်နှစ်ပတ်လုံးဆောင်ရွက်သွားမည်ဖြစ်ရာ မိမိတို့မြို့နယ်မှ နိုဝင်ဘာ ၁၈ ရက်မှ ၂၃ ရက်နေ့ထိ မြို့ဦးစေတီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ မြို့နယ်စုပေါင်းမဟာဘုံကထိန်ကိုလည်း ယခုလအတွင်း ကျင်းပသွားမည်ဖြစ်၍ တစ်တပ်တစ်အားပါဝင်လှူဒါန်းနိုင်ကြောင်း၊ အသံမစဲမဟာပဌာန်းပူဇော်ပွဲတွင် လုံခြုံရေးအစီအစဉ်များကို မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်‌သွားရန်၊ စုပေါင်းဘုံကထိန်အား (၃၂)ရပ်ကွက်ရှိ အန္တဂုဏ်ရည်ကျောင်းတိုက်တွင် ဆောင်ရွက်ရန်စီစဉ်ထားကြောင်း” စသဖြင့် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းများနှင့်ပက်သက်၍ တင်ပြဆွေးနွေးကြပြီး မြို့နယ်စီမံကိန်းဦးစီးမှူးက အစည်းအဝေးတက်ရောက်လာသော ဌာနဆိုင်ရာများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ တိုးတက်‌ဆောင်ရွက်မှုများအား  တင်ပြသွားရန်၊ ၂၀၂၄ - ၂၀၂၅ ဘဏ္ဌာနှစ်စီမံကိန်းတွင် ဆောင်ရွက်သွားမည့်လုပ်ငန်းများ စိစစ်ဆောင်ရွက်သွားမည်ဖြစ်၍ အချက်အလက်ပြည့်စုံစွာဖြင့် တင်ပြကြရန်၊ တင်ပြသည့်လုပ်ငန်းများအပေါ်  မိမိတို့စိစစ်ရေးအဖွဲ့မှ ဦးစားပေးလုပ်ငန်းများအလိုက် ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းပြီးစီးမှုများအား တင်ပြကြပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အဆိုပြုထားသော စီမံကိန်းလုပ်ငန်းများအလိုက် ဆွေးနွေးညှိနှိုင်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား‌ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ