ညောင်ဦးမြို့နယ်၊ ပြည်သူများအားသက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက်ရောင်းချ

ညောင်ဦး နိုဝင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပြည်သူများသို့ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခဲ့ရာ စားအုန်းဆီ ၆၆၀၀ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၊ နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ အဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများကို ညောင်ဦးမြို့နယ်၊ သစ်ထောင့်မြောက်ကျေးရွာ၊ ကျောက်ကန်ကျေးရွာ၊ တောင်ဘကျေးရွာ၊ လက်ဝဲကျေးရွာနှင့် ဆယ်လံကျေးရွာတို့တွင် စားအုန်းဆီများအား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးလျက်ရှိရာ  စားအုန်းဆီတစ်ပိဿာ ၅၁၀၀ ကျပ်ဖြင့် ၆၆၀၀  ပိဿာရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း