ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးစေရန် လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

ဒဂုံအရှေ့  နိုဝင်ဘာ  ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ကဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ရေးရာဟောပြောပွဲ အခမ်းအနားကို အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်း ၁ နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖူးမို က ကျောင်းသား၊ ကျောင်းသူများ စာအုပ်၊ စာပေကို ပိုမိုဖတ်ရှုလေ့လာစေရန် စာဖတ်ရှိန်မြင့်တင်ရေး ခေါင်းစဥ်ဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဆွေအေး က အားကစားဆိုင်ရာအကြောင်းအရာများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ မြို့နယ်စာရေးဆရာအသင်းမှ အမှုဆောင် (အဖွဲ့ဝင်) ဦးလပြည့်ဇင် (လက်ယာ-မေတ္တာတံခွန်)က စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပြီး အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြစောမွန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ် စာစောင်များနှင့် ဗဟုသုတစာအုပ်များ ခင်းကျင်းပြသခဲ့ပြီး ကျောင်းသား၊သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)