မိုင်းခတ် နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများလူငယ်အသင်း (Youth Club)တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခတ်မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အကြောင်း ရှင်းလင်းပြောကြားပြီး၊ စာကြည့်တိုက်မှူး ဒေါ်နန်းခင်ညွန့်က စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားကာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများလူငယ်အသင်း(Youth Club)အဖွဲ့မှ အဖွဲ့ဝင် ကျောင်းသားကျောင်းသူများက စာရေးဆရာများရေးသားသည့် "လူဆိုသည်မှာ"စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရာ လူနှင့်ဘဝနေနည်း၊ လူဆိုသည်မှာ၊ လူ့အဓိပ္ပာယ်စသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို အပြန်အလှန် ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)