ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရန် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

သင်္ဃန်းကျွန်း  နိုဝင်ဘာ  ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) Community Centre ခန်းမ၌ လူငယ်များ၊ အသိပညာဗဟုသုတ မြှင့်မားတိုးတက်စေရန်နှင့် နှုတ်မှုရေးရာစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့‌နေ့လယ် (၁)နာရီက ကျင်းပပြုလုပ်ခဲ့ပါတယ်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က လူငယ်များအား ယခုလိုပြိုင်ပွဲများ ကျင်းပပေးခြင်းအားဖြင့် လူငယ်များအနေဖြင့် လူအများရှေ့တွင်ပြောရဲဆိုရဲပြီး စာပေများ လေ့လာဖတ်မှတ်တဲ့ အလေ့အကျင့်ကောင်းများ ဖြစ်‌ပေါ်စေရန်နှင့် နှုတ်မှုရေးရာစွမ်းရည်ဖွံ့ဖြိုး တိုးတက်စေ‌ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၈)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၃)ဦးအား ရန်ကုန်အရှေ့ပိုင်းခရိုင် ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်နှင့် အထက(၃)ကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ဟန်သီသီဝင်းတို့က အမှတ်တရ ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထိုနောက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသ စာအုပ်၊ စာစောင်ပြပွဲနှင့်  လူကုန်ကူးမှုဆိုင်ရာ အသိပညာ‌ပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား‌၊‌ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)