လားရှိုး နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံ၊ ပင်းတယ၊ ကလောမြို့နယ်တို့မှထွက်ရှိသည့် ဂေါ်ဖီထုပ်များ ရောင်းအားကောင်းလျက်ရှိနေကြောင်းသိရသည်။
ဂေါ်ဖီထုပ်များကို တောင်ကြီး-ရပ်စောက်-အင်တော-ကျောက်ဂူ-နမ့်လန်လမ်းအတိုင်း လားရှိုးမြို့သို့ ပို့ဆောင်ရောင်းချကြကြောင်း သိရသည်။
“လက်ရှိအချိန်မှာ လားရှိုး-မန္တလေး-တောင်ကြီးလမ်းဘက်ကနေ သွားလာလို့မရသေးတော့ အင်တောလမ်းအတိုင်း နမ့်လန်ဘက်ကနေလာကြရတယ်။ လမ်းခရီးက နည်းနည်းတော့ကြမ်းတယ်။ အရင်လိုတော့ လမ်းကမကောင်းဘူးပေါ့”ဟု ကုန်သည်တစ်ဦးက ဆိုသည်။
လားရှိုးမြို့တွင် ကော်ဖီထုပ်စိုက်ပျိုးမှု အနည်းငယ်သာရှိပြီး ဈေးကွက်အတွင်းမလုံလောက်မှုကြောင့် ရှမ်းပြည်တောင်ပိုင်းဒေသထွက် ကော်ဖီထုပ်များကို ရောင်းချနေကြရခြင်းဖြစ်ကာ ကော်ဖီထုပ်တစ်ထုပ်လျှင် တစ်ထောင့်ငါးရာကျပ်ဈေးရှိကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)