ကမာရွတ်မြို့နယ်တွင် ခရိုင်အဆင့် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် တားဆီးကာကွယ်ရေးဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ကျင်းပ

ကမာရွတ်    နိုဝင်ဘာ    ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယဥ်အန္တရာယ်၊ လမ်းစည်းကမ်း ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပခဲ့ပါသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ ခရိုင်စီမံခန့်ခွဲရေးအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမြင့်ဝေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)၊ အဖွဲ့ဝင် (၂)၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့်  ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အမှာစကားပြောကြားပြီး  ယာဥ်ထိန်းတပ်ဖွဲ့စုမှ ခရိုင်အတွင်းဆောင်ရွက်ထားရှိမှုနှင့် တက်ရောက်လာသော ဌာနဆိုင်ရာများမှ လစဥ်ဆောင်ရွက် လျက်ရှိသော မိမိတို့၏ ဌာနဆိုင်ရာလုပ်ငန်းများကို အသီးသီးဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)