ကျောက်ဆည် နိုဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၈)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ယမန်နေ့ညနေ(၂)နာရီက ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေး မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှတ်(၈)အခြေခံပညာမူလတန်း(လွန်)မှ ကျောင်းအုပ်ဆရာမကြီးဒေါ်အေးဆွေက ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိရေး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိရာ လိမ္မာယဉ်ကျေးစွာဖြင့် မှတ်သားနာယူပြီး အောင်မြင်ထူးချွန်သူများဖြစ်အောင် ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားပြီး ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက အောင်မြင်သူများဖြစ်အောင် ငယ်ရွယ်စဉ်အချိန်ကပင် ကျောင်းစာအပြင် ပြင်ပဗဟုသုများရရှိရေး အသိပညာပေး ဟောပြောမှုများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရရှိသည့်အချိန်တွင် အကျိုးရှိသည့်စာပေများဖတ်ရှုသွားကြရန်၊ စာဖတ်ခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းဟောပြောခဲ့သည်။
အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော သုတ၊ရသစာအုပ်များနှင့် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
တင်တင်ထွေး