ပုဗ္ဗသီရိမြို့နယ်၊ သုခဒီပရပ်ကွက် သုခပြည့်စုံဆေးခန်းမှ အိမ်ထောင်စု ၇၀၀ အား ဆန်များ အလှူဒါနပြုလုပ်

ပုဗ္ဗသီရိ နိုဝင်ဘာ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သုခဒီပရပ်ကွက်  အလှူရှင် ဦးမင်းအောင်ဇော် "သုခပြည့်စုံဆေးခန်း" မိသားစုမှ ဆန်များ လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ပုဗ္ဗသီရိမြို့နယ်၊ သုခဒီပရပ်ကွက်  အလှူရှင် ဦးမင်းအောင်ဇော် "သုခပြည့်စုံ ဆေးခန်း" မိသားစုမှ ရပ်ကွက်အတွင်းရှိ ပြည်သူများအား တစ်အိမ်ထောင်လျှင် ဆန် ၅ ပြည်အိတ်တစ်အိတ်နှုန်းဖြင့်  အိမ်ထောင်စု  ၇၀၀ အား ဆန်များ လှူဒါန်းပေးဝေခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)