လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် (Community Center)ခန်းမ၌ စာဖတ်ဝိုင်း Book Club နှင့် Women Club ဆွေးနွေးပွဲ ကျင်းပ

လှိုင်သာယာ နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (CommunityCentre) ခန်းမတွင် ယမန်နေ့ နေ့လယ်(၁)နာရီ၌ မြို့နယ်စာရေးဆရာအသင်းအဖွဲ့များနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့၊ Women Club အဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းနှင့်ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှုသည့်အလေ့အထများ ဖြစ်ပေါ်လာစေရေး ရေးသူဖတ်သူဆွေးနွေးခြင်းနှင့် စာအုပ်၊ စာစောင်ဝေဖန်သုံးသပ်ခြင်းတို့ကို စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ဦးစီးအရာရှိ ဒေါ်ခင်၀င်းမူက ရှင်းလင်းပြောကြားပြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ကြည်ကြည်မြင့်မြတ်မှ မုဒိတာစကားပြောကြားသည်။

စာဖတ်၀ိုင်း Book Club ဆွေးနွေးပွဲတွင် မီးပြင်းဖုတ်တဲ့ရွှေမှ တန်ဖိုးတက်သည်၀တ္ထုတိုဖြင့် စာရေးဆရာတင်ညိုမင်းက မိတ်ဆက်စကားပြောကြားပြီး တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူစာရေးဆရာ  (ကိုမာတိ-ပန်းတော်ကြီး)က အဆိုပါ၀တ္ထုတိုအား ဖတ်ကြားလျက်ရှိသည်။ တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူ စာရေးဆရာများမှလည်း အပြန်အလှန်ဆွေးနွေးပြောကြားပြီး စာဖတ်ဝိုင်းသို့ စာပေဝါသနာပါသူ(၃၀)ဦး တက်ရောက်လျက်ရှိကာ ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များကို လေ့လာဖတ်ရှုလျက်ရှိသည်။

ခင်၀င်းမူ (ပြန်/ဆက်)